Captain Marvel ဇာတ်ကားမှာ Peggy Carter ပြန်ပါလာမလား?
Captain Marvel ဇာတ်ကားဟာဆိုရင် 1990 ပြည့်နှစ်ဆီအခြေခံမယ်ဆိုပါတယ်။ ဒီအတွက်ကြောင့် Agent Peggy Carter (Hayley Atwell) အတွက်ပြန်ပါလာဖို့အခွင့်ကောင်းပါပဲ။
Peggy ကိုတော့ Captain America: The First Avenger နဲ့ပထမဆုံးစမိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီထဲမှာတော့ Strategic Scientific Reserve (SSR) နဲ့ Dr. Abraham Erskine (Stanley Tucci) ကိုကူညီပြီး Super Soldier Experiment ကိုဖန်တီးခဲ့ပါတယ်။
ဒီစမ်းသပ်ချက်ကြောင့်ပဲ Steve Rogers/Capt America (Chris Evans) ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Marvel One-Shot တစ်ခုဖြစ်တဲ့ Agent Carter မှာတော့ ပရိသတ်ပိုမိုအားပေးခဲ့ပြီး ကိုယ်ပိုင် Series တစ်ခုဖြစ်တဲ့ Agent Carter ကိုလဲ ABC ရုပ်သံကနေ Season 2 ခုထုတ်လွှင့်ခဲ့ပါသေးတယ်။
ဒါပေမယ့် ကံဆိုးစွာပါပဲ 2016 မှာအဲ့ဒီ Series ကို ABC ကနေ ဖျက်သိမ်းလိုက်ပါတယ်။ ဒီအတွက် Agent Carter နောက်ပိုင်းမှာဘယ်လိုတွေရှေ့ဆက်သွားလဲမသိတော့ပါဘူး။ Captain America : Winter Soldier မှာအသက် ၉၀ ကျော်အဘွားကြီးအနေနဲ့ပြန်ပါခဲ့ပြီး Captain America : Civil War မှာတော့ဆုံးပါးသွားခဲ့ပါတယ်။
Ant-man ဇာတ်ကားမှာတော့ Flashback တစ်ခန်းပါဝင်ခဲ့ပါသေးတယ်။ သူက SHIELD ကို Howard Stark နဲ့အတူစတင်တည်ထောင်ခဲ့သူဖြစ်တဲ့အတွက် MCU မှာအရေးပါတဲ့ဇာတ်ကောင်ပဲဖြစ်ပါတယ်။
အခုအချိန်မှာတော့ Captain Marvel က 1990 ပြည့်နှစ်တွေဆီအခြေခံမယ်ဆိုတော့ ပြန်ပါလာနိုင်မယ်ထင်ပါတယ်။
Captain Marvel ကို ဇာတ်ညွှန်းရေးသားသူတွေကတော့ Nicole Perlman နဲ့ Meg LeFauve တို့ပဲဖြစ်ပါတယ်။ 2015 မှာတုန်းက မင်းသမီး Brie Larson (21 Jump St) က Capt Marvel အဖြစ်သရုပ်ဆောင်မယ်လို့ကြေငြာခဲ့ပါတယ်။
ရိုက်ကူးမယ့်ဒါရိုက်တာတွေကတော့ Anna Boden နဲ့ Ryan Fleck တို့ပဲဖြစ်ပါတယ်။ SDCC မှာတော့ Carol Danvers/Capt Marvel ရဲ့ Concept Art ကိုပြသခဲ့ပါတယ်။
ဝေဖန်မှုတွေရှိသလို အားပေးသံတွေလဲကြားခဲ့ရပါတယ်။ တစ်ခုရှိတာက Concept Art ဖြစ်တဲ့အတွက် အတည်မဟုတ်သေးပါဘူး။
နောက်ထပ်ပါဝင်မယ့်တစ်ယောက်ကတော့ Nick Fury (Samuel L. Jackson) ဖြစ်ပြီး ဒီအထဲမှာသူကတော့မျက်လုံးနှစ်ဖက်လုံးအကောင်းအတိုင်းရှိနေမှာဖြစ်ပါတယ်။ ပြောမရနိုင်တဲ့အချက်တစ်ခုက သူဘာ့ကြောင့်မျက်လုံးတစ်ဖက်ဆုံးရှုံးရလဲဆိုတဲ့အချက်ကိုဒီဇာတ်ကားမှာတွေ့မြင်နိုင်မယ်လို့ခန့်မှန်းရပါတယ်။
ဒီဇာတ်ကားရဲ့အဓိက လူဆိုးတွေကတော့ Skrull ဆိုတဲ့ဂြိုလ်သားတွေဖြစ်ပြီး Inhuman တွေကိုဖန်တီးခဲ့တဲ့ Kree ဂြိုလ်သားတွေနဲ့ Skrull ဂြိုလ်သားတွေရဲ့တိုက်ပွဲကိုလဲတွေ့ရမယ်ဆိုပါတယ်။
Kree ကိုတော့ Agents of S.H.I.E.L.D., Inhumans, နဲ့ Guardians of the Galaxy တို့မှာသိရှိကြမှာပါ။
KEY RELEASE DATES
Thor: Ragnarok release date: Nov 3, 2017
Black Panther release date: Feb 16, 2018
The Avengers: Infinity War release date: May 4, 2018
Ant-Man & The Wasp release date: Jul 6, 2018
Captain Marvel release date: Mar 8, 2019
The Avengers 4 / Untitled Avengers Movie release date: May 3, 2019
Untitled Spider-Man: Homecoming Sequel release date: Jul 5, 2019